Sunday, June 13, 2010

Soccer Myanmar



Soccer Myanmar


ကမ္ဘာ့ဖလား အုပ်စု E,F,G,H တို့၏ အုပ်စု ...

Posted: 14 Jun 2010 09:32 AM PDT

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ၇က်နေ့ ကနေ စတင်ခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ အခုဆိုရင် အုပ်စု A,B,C,D တို့ရဲ့ ပွဲစဉ်တွေ ပြီးဆုံးသွား ခဲ့ပါပြီ။ ဒီပွဲစဉ် တွေမှာ ပရိသတ် မှန်းထားတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တဲ့ ပွဲတွေ ရှိခဲ့သလို မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တဲ့ ပွဲတွေလည်း ရှိခဲ့ပါတယ်။ ဒါဟာ ဘောလုံးရဲ့ ရသပါပဲ။ ပွဲတိုင်းက မှန်းထားသလိုသာ ဖြစ်နေမယ် ဆိုရင်တော့ ဘောလုံးပွဲ ဆိုတာကို လူတွေ အခုလောက် စိတ်ဝင်စား ကြမှာ မဟုတ်ပါဘူး။ အခု ဖော်ပြမယ့် အုပ်စု E,F,G,H တို့မှာလည်း ဒီလို ဖြစ်သွားနိုင်တဲ့ ပွဲစဉ် အများအပြား ရှိနေပါတယ်။ အထူးသဖြင့် ဟော်လန်၊ အီတလီ၊ ဘရာဇီးလ်၊ ပေါ်တူဂီ၊ စပိန် စတဲ့ အသင်းကြီး တွေရဲ့ ပွဲစဉ်တွေ ပါဝင်နေတာကြောင့် ပရိသတ် စိတ်ဝင်စားမှု ပိုမြင့် လိမ့်မယ်လို့ ထင်ပါတယ်။

Read more...

၎ဂိုး သွင်းနိုင်ခဲ့ သော်လည်း ...

Posted: 14 Jun 2010 08:58 AM PDT

ဂျာမနီ လက်ရွေးစင် အသင်း၏ နည်းပြချုပ် ဖြစ်သူ ဂျိုအာချင်လိုးက မိမိတို့ အသင်းသည် ခံစစ်ကို အားပြူလွန်း နေသေးသည်ဟု သြစတြေးလျကို (၄-၀)ဂိုးဖြင့် အနိုင် ရခဲ့သည့် ပွဲအပြီးတွင် ပြောကြား သွားခဲ့သည်။

Read more...

ဆားဘီးယားကို အနိုင်ရအပြီး ...

Posted: 14 Jun 2010 03:45 AM PDT

ဂါနာ လက်ရွေးစင် အသင်း၏ နည်းပြဖြစ်သူ ဆားဘီးယား လူမျိုးနည်းပြ မီလိုဗန် ရာဂျီဗစ်သည် ၀မ်းနည်းဝမ်းသာ ခံစားမှု ၂မျိုးကို တစ်ပြိုင်တည်း ခံစား နေရကြောင်း ၀န်ခံပြောကြား သွားခဲ့သည်။

Read more...

သြစတြေးလျကို ဂိုးပြတ်သွင်းပြီး ...

Posted: 14 Jun 2010 03:13 AM PDT

ဇွန်လ ၁၃ ရက်နေ့က တောင် အာဖရိက နိုင်ငံ၊ ဒါဘန်မြို့၊ ဒါဘန် အားကစား ကွင်းတွင် ကစားခဲ့သော ကမ္ဘာ့ဖလား အုပ်စု (D)ပွဲစဉ်၌ ဂျာမနီ အသင်းက သြစတြေးလျ အသင်းကို (၄-၀)ဂိုးဖြင့် အနိုင်ရ ခဲ့ကြောင်း သိရသည်။

Read more...

ရှုံးနိမ့်မှု အတွက် ဂိုးသမားကို ...

Posted: 14 Jun 2010 01:37 AM PDT

ဇွန်လ ၁၃ ရက်နေ့က ကစားခဲ့သော အယ်လ်ဂျီးရီယား - ဆလိုဗေးနီးယား ပွဲစဉ် အပြီးတွင် ရှုံးနိမ့်ခဲ့သည့် အယ်လ်ဂျီးရီးယား အသင်း၏ နည်းပြ ရာဘတ် ဆာဒင်းက ဂိုးသမားကို အပြစ်မတင် လိုကြောင်း ပြောကြားခဲ့သည်။

Read more...

မက်ဆီနှင့် အာဂျင်တီးနား ကစားသမား ...

Posted: 14 Jun 2010 01:32 AM PDT

တောင် အာဖရိက ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အာဂျင်တီးနား နည်းပြ မာရာဒိုနာ၊ မက်ဆီနှင့် အာဂျင်တီးနား ကစားသမား များအား အလွန် တောက်ပသော အစိမ်းရောင် လေဆာပွိုင့်တာဖြင့် ထိုး၍ မိနစ် ၉၀ လုံးလုံး အနှောင့်အယှက် ပေးခဲ့သော ကိစ္စနှင့် ပတ်သက်၍ ဖီဖာမှ စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ် နေပြီဖြစ်ကြောင်း သိရသည်။

Read more...

အင်ဒိုနီရှား လိဂ်၏ ဂိုးသွင်းဘုရင် ...

Posted: 14 Jun 2010 12:39 AM PDT

ရန်ကုန် ယူနိုက်တက် အသင်းသည် အင်ဒိုနီးရှား ပြည်တွင်းလိဂ်မှ ပါဆစ်ဘန်ဒေါင်း အသင်းတွင် ကစားနေသော ဥရုဂွေး တိုက်စစ်မှူး ခရစ္စတီယန် ဂွန်ဇာလက်ကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရသည်။

Read more...

နေပြည်တော် အသင်း တောင်ကိုရီးယား ...

Posted: 13 Jun 2010 11:47 PM PDT

နေပြည်တော် အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးဇော်ဝင်းက ၎င်းတို့ အသင်းသည် တောင်ကိုရီးယား လူမျိုး ကစားသမား အချို့ကို ခေါ်ယူမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

Read more...

ကွင်း၊ ဘောလုံး၊ ဗူဗူဇီလာ ...

Posted: 13 Jun 2010 11:27 PM PDT

ဟော်လန်နည်းပြ ဗန်မားဝစ်သည် ဟော်လန်အသင်း ယှဉ်ပြိုင် ကစားမည့် ပွဲတွင် ဂျာဘူလာနီ ဘောလုံး၊ မြက်ခင်းမြေသားနှင့် နားမခံ လောက်သော ဗူဗူဇီလာ အသံများကြောင့် မှားယွင်း ချွတ်ချော်မှု တစ်စုံတစ်ရာ ဖြစ်မည်ကို စိုးရိမ်ပူပန်လျက် ရှိနေသည်ဟု သိရသည်။

Read more...

ရလဒ်ကောင်းများ ရနေသော်လည်း လာမည့် ...

Posted: 13 Jun 2010 11:15 PM PDT

ရန်ကုန် နည်းပြချုပ် ဖြစ်သူ ဦးမျိုးလှိုင်ဝင်းက သူ၏ နည်းပြချုပ် ရာထူးနှင့် ပတ်တ်သက်၍ လာမည့် နှစ်လအတွင်း မည်သို့ ဖြစ်သွားမည်ကို မပြောနိုင် သေးကြောင်း ၀န်ခံပြောကြား သွားခဲ့သည်။

Read more...