Tuesday, June 15, 2010

မြောက်ကိုရီးယား ခံစစ်သည် ပြီးပြည့်စုံ လုနီးပါး ဖြစ်သည်ဟု ဒွန်ဂါ ချီးကျူးပြောကြား

မြောက်ကိုရီးယား ခံစစ်သည် ပြီးပြည့်စုံ လုနီးပါး ဖြစ်သည်ဟု ဒွန်ဂါ ချီးကျူးပြောကြား PDF Print E-mail
Written by Admin Team   
Wednesday, 16 June 2010 09:06
Share |

ဘရာဇီးလ် အသင်း၏ နည်းပြချုပ် ဖြစ်သူ ဒွန်ဂါက ၎င်းတို့နှင့် ရင်ဆိုင်ခဲ့ရသော မြောက်ကိုရီးယား အသင်း၏ ခံစစ်သည် ပြီးပြည့်စုံ လုနီးပါး ဖြစ်သည်ဟု ချီးကျူးပြောဆို သွားခဲ့သည်။



"ကမ္ဘာ့ဖလားမှာ အသင်းတိုင်းဟာ ကောင်းတဲ့၊ တော်တဲ့ အသင်းတွေ ချည်းပါပဲ။ ကျွန်တော်တို့မှာ အရည်အသွေး ရှိပြီး ထိရောက်တဲ့ တိုက်စစ်နဲ့ ခံစစ် ရှိကိုရှိ ရပါမယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်း မကစား နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ဘောလုံးကို မြန်မြန် မရွေ့လျား နိုင်ခဲ့ဘူး။ ဒုတိယပိုင်း မှာတော့ ပိုကောင်း လာပါတယ်။ ကျွန်တော်တို့ ပိုမြန်လာပြီး အခွင့်အရေးတွေ ဖန်တီးလာ နိုင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပေးဂိုး မရှိဘဲ ဂိုးတွေပဲ သွင်းချင် တာပေါ့ဗျာ။ ဒါပေမဲ့ ပထမဆုံး ပွဲဆိုတာ ဒီလိုပဲ ခက်ခဲလေ့ ရှိပါတယ်။ ဂိုးပေးရတယ် ဆိုတာ အသင်းတိုင်း ဖြစ်တတ်ပါတယ်။ ဘောလုံးမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ သာမန်ကိစ္စ တစ်ခုပါ။ တိုက်စစ်ဆင်တဲ့ အသင်းမျိုးဟာ နေရာလွတ်တွေ ဖွင့်နိုင်ဖို့ လုပ်ရပါတယ်။ ခံစစ်သက်သက် ကစားတဲ့ အသင်းတွေ ကတော့ ရင်ဆိုင်ရ ခက်ပါတယ်။ ကျွန်တော်တို့ ဘောလုံးကို ကောင်းကောင်း သယ်သွားပြီး နေရာလွတ်တွေ ဖန်တီးရတယ်။ ခင်ဗျားတို့ တီဗွီမှာ ပြန်ကြည့်မယ် ဆိုရင် မြောက်ကိုရီးယား အသင်းက နေရာလွတ်တွေ ပိတ်ဖို့ ကြိုးစားတာဟာ ပြီးပြည့်စုံ လုနီးပါး ဖြစ်နေတာကို တွေ့ရပါမယ်" ဟု ဒွန်ဂါက ပြောကြားခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ဘရာဇီးလ် အသင်းသည် ခြေ အဆင့်အတန်း ကွာခြားလွန်းသော မြောက်ကိုရီးယား အသင်းကို (၂-၁)ဂိုးဖြင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ဘရာဇီးလ် တို့သည် ပထမပိုင်း တစ်ပိုင်းလုံး ဂိုးသွင်းခွင့် မရခဲ့ဘဲ ဒုတိယပိုင်း ၅၅ မိနစ်တွင်မှ ဦးဆောင်ဂိုး သွင်နိုင်ခဲ့ပြီး မိနစ် ၉၀ ပြည့်ရန် တစ်မိနစ် အလိုတွင် ချေပဂိုး တစ်ဂိုး ပြန်ပေး လိုက်ရကြောင်းလည်း တွေ့ရသည်။ ဘရာဇီးလ်အား တစ်ဂိုးတည်း ဖြင့်သာ ကပ်ရှုံးခဲ့သဖြင့် မြောက်ကိုရီးယား အသင်း၏ နည်းပြ ကင်ဂျောင်ဟွန် ကမူ ဂုဏ်ယူလျှက် ရှိနေကြောင်းလည်း သိရသည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ဘရာဇီးလ် အသင်းဆိုတာ အရမ်းကို တောင့်တင်းတဲ့ အသင်းဖြစ်ပြီး ကျွန်တော်တို့ ဘယ်လိုမှ မနိုင်နိုင်ပါဘူး။ ဒီလို ပြိုင်ဘက်မျိုးကို ကျွန်တော့်ရဲ့ ကစားသမားတွေ အကောင်းဆုံး တိုက်ခိုက် နိုင်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ ဂိုးသွင်းနိုင်ဖို့ ပွဲပြီးတဲ့အထိ စောင့်ခဲ့ရ ပါတယ်။ ဒါပေမယ့် ကစားသမား တွေဟာ အစီအစဉ် အတိုင်း တကယ် လုပ်ဆောင် နိုင်ခဲ့ကြပါတယ်။ ဘရာဇီးလ် အသင်းဟာ တောင်ပံနဲ့ အားကောင်းတဲ့ အသင်းဖြစ်ပြီး တစ်ယောက်ချင်းလည်း ထူးချွန်ကြ ပါတယ်။ ကျွန်တော်တို့ ဒါကို တားဆီးနိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း ခံစစ် ကစားနိုင်ပြီး ဘောလုံး ရတဲ့အခါ ပေးပို့မှု ကောင်းကောင်း လုပ်နိုင်ခဲ့ ကြတယ်။ ဒါပေမယ့် ဂိုးမသွင်း နိုင်ခဲ့ဘူး။ ဒုတိယပိုင်းမှာ သူတို့ တိုက်စစ် ပိုဆင် လာနိုင်ပြီး ကျွန်တော်တို့ ကြံ့ကြံ့ခံ ကာကွယ်ခဲ့ ရတယ်။ ကျွန်တော်တို့ ဂိုးသွင်းဖို့ ကြိုးစားခဲ့ပြီး တစ်ဂိုးရခဲ့တဲ့ အတွက် သတ္တိရှိရှိ ပြန်တိုက် နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ မနိုင်ပေမယ့် အတွေ့အကြုံ အများကြီး ရခဲ့တယ်။ ကျန်တဲ့ ၂ ပွဲ အတွက်လည်း ယုံကြည်မှုတွေ ရှိနေပါပြီ။ ဘရာဇီးလ် အသင်းကို ဂိုးသွင်း နိုင်တာဟာ နည်းပြ တစ်ယောက် အနေနဲ့ အရမ်းပျော်ရွှင် ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမား တွေအတွက် ဂုဏ်ယူမိပြီး ဒါကြောင့် ဂိုးသွင်းတဲ့အခါ ခံစားမှုကို ပြသခဲ့တာ ဖြစ်ပါတယ်" ဟု ကင်ဂျောင်ဟွန်က ဆိုသည်။